မင်းနဲ့ပက်သက်လာရင်နေ့ရက်တွေဟာ အက္ခရာတွေမဟုတ်တော့ဘူး.... Memory တွေအဖြစ်ပြောင်းလဲသွားတယ်....!!!

Friday, March 27, 2009

ဤ သို့ချစ်ရပါသော …….

ချစ်သူ …. ဒီကမ္ဘာကြီး မှာပန်းလေးတွေ ပွင့်လာတာကြာပါပြီ …..ဒါပေမယ့် ပန်းလေးတွေရဲ့လှပမှုကိုမင်းနဲ့ကျမှ ခံစားတတ်တဲ့ ကိုပါ …..


ချစ်သူ ….. ချစ်တယ်ဆိုတဲ့စကားကို ငယ်စဉ်ကလေးဘ၀ကတည်းက သုံးစွဲခဲ့ပါတယ် … ဒါပေမယ့်ဘယ်လောက်ထိလေးနက်တယ်ဆိုတာကို မင်းနဲ့ကျမှ ခံစားတတ်တဲ့ ကိုပါ …


ချစ်သူ ….. လွမ်းတယ် ဆိုတာ … ဟောင်းနွမ်းနေတဲ့ စကားစုလေးတစ်ခုပါ …. ဒါပေမယ့်ဘယ်လောက်ထိခံစားရတယ်ဆိုတာ မင်နဲ့ဝေးတော့မှသိတဲ့ ကိုပါ…..


ချစ်သူ …. မုန်းတယ်ဆိုတာ ကို့လိုလူအတွက် နားယဉ်နေတဲ့ ဝေါဟာရတစ်ခုပါ …. ဒါပေမယ့်မင်းလေးရဲ့ နှုတ်ခမ်းဖျားကနေ ကို့နှလုံသားဆီ ကြွေကျလာမှာကို ရင်ဆိုင်ဖို့သတ္တိမရှိခဲ့တာ ကိုပါ ….


ချစ်သူ ….ရယ်သံလေးတွေကို လူတိုင်းဆီကကြားခဲ့ဖူးပါတယ် ….. ဒါပေမယ့်ကို့ရင်ကိုပျော်ရွှင်စေတဲ့ ဆည်းလည်းသံစဉ်ဆိုတာ မင်းလေးရယ်တော့မှ ကြားခဲ့တဲ့ ကိုပါ ….


ချစ်သူ…. အပြုံးလှလှလေးတွေကို ကိုနေ့စဉ်မြင်ဖူးခဲ့ပါတယ် … ဒါပေမယ့် မင်းလေးရဲ့မျက်နှာပေါ်အပြုံးလေးတွေ ကြွေကျလာတိုင်း ရူးသွပ်ခဲ့ရတာကတော့ ကိုပါ ….


ချစ်သူ …. လောကရဲ့ ကြေကွဲစရာအကောင်းဆုံးဆိုတဲ့ ၀မ်းနည်းမှုတွေကို ခါးစည်းခံခဲ့ဖူးပါတယ် ..ဒါပေမယ့်မင်းလေးဝမ်းနည်းနေတာကို ကိုမမြင်ရက်ပါဘူး …. ကို့နှလုံးသားတွေကြေကွဲလို့ ….
ကို....အကြိမ်ကြိမ်သေဆုံးရပါတယ် …. ။
posted by အလင်္ကာ at 8:26 AM 0 comments

Monday, March 9, 2009

ချစ်သူမဖတ်လိုက်ရသော စာမျက်နှာများ ( သူမ ..မသိသော ကျွန်တော်၏ တစ်ခြမ်းပဲ့ ချစ်ခြင်း....)

မင်းလေးမသိခဲ့ဘူး

မင်းမသိဘူး … ကိုဘယ်လောက်မင်းအတွက် ကြိုးစားခဲ့တယ်ဆိုတာတွေ ….
မင်းမသိဘူး … ကိုညဘက်အိပ်လို့မပျော်ဘူး ဆိုတာတွေ ….
မင်းမသိဘူး … ကို့အိပ်မက်ထဲ မင်းအမြဲ ရှိနေခဲ့တယ်ဆိုတာတွေ …
မင်းမသိဘူး … ကို့ရဲ့ညတိုင်းဟာ မင်းနာမည်တွေနဲ့ ပဲ့တင်ထပ်နေတယ်ဆိုတာတွေ …
မင်းမသိဘူး … မင်းရဲ့အနား ကိုအမြဲရှိနေချင်ခဲ့တာတွေ …
မင်းမသိဘူး … မင်းရဲ့စကားသံကို အမြဲကြားချင် ခဲ့တယ်ဆိုတာတွေ …
မင်းမသိဘူး … မင်းကို ကိုအမြဲ သတိရနေတယ်ဆိုတာတွေ …
မင်းမသိဘူး … မင်းရဲ့messages လေးတွေကို အမြဲစောင့်စားနေတယ်ဆိုတာတွေ …
မင်းမသိဘူး … online ရောက်တိုင်းမင်းကို ရှာကြည့်မိ တယ်ဆိုတာတွေ …
မင်းမသိဘူး … မင်းကို ကိုလွမ်းနေမယ်ဆိုတာတွေ …
မင်းမသိဘူး … မင်းကြောင့်ကို့ နှလုံးသားလေးတဆတ်ဆတ်တုန်နေတာတွေ …

တကယ်ပါ ….. ကိုမင်းကိုဘယ်လောက်ချစ်ခဲ့ … ရူးသွပ်ခဲ့တယ်ဆိုတာတွေ မင်းလေး လုံးဝ လုံးဝ … မသိခဲ့ပါဘူး …
posted by အလင်္ကာ at 10:09 AM 0 comments