မင်းနဲ့ပက်သက်လာရင်နေ့ရက်တွေဟာ အက္ခရာတွေမဟုတ်တော့ဘူး.... Memory တွေအဖြစ်ပြောင်းလဲသွားတယ်....!!!

Monday, September 21, 2009

ငါသိပါတယ် . . . ငါမှားပါတယ် . . . ဒါပေမယ့် . . .

မျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်ပြီး ချစ်ခြင်းဆိုတဲ့ ခရီးလမ်းမှာ ငါ စုန်ဆန်ပြေးလွှားနေတယ် . . . မောလှပါပြီ . . .
ယုံကြည်မှုကို အားကိုးပြီး ငါ ဆက်လျှောက်နေတုန်းပါ . . .
မောဟိုက်နွမ်းလျနေလို့ ငါ ပျော်ရွှင်ခြင်းဆိုတာ ကိုတောင့်တမိပါတယ် . . .
တစ်ခါတစ်လေတော့ အမောပြေ သစ်သီးလေးများကို ငါကောက်ရမိသည်ပေါ့ . . .
မင်းလေး ရယ်နေ ပြုံးနေတယ် တဲ့ အချိန်လေးတွေပေါ့ . . . သစ်သီးလေးတွေ အရမ်းကိုချိုပါတယ် . . .။
ငါလေ . . . မမှားပါဘူး . . .ထို သစ်သီးလေးတွေ အမြဲတန်း ကောက်ရနေချင်မိတယ် . . . ။
လောကကြီးရယ် . . . မောပန်းနေသူ ငါ့အတွက် သစ်သီးချိုကို အမြဲတောင့်တနေတာ အပြစ်လား . . . ???

မင်းနဲ့ ငါ က တစ်ဖက်တည်း ကိုမျက်နှာမူပြီးထိုင်နေတယ် ဟုတ်လား . . . ???
ငါ မင်းရဲ့ဆန့်ကျင်ဘက်ကို ရွေးပြီးထိုင်ပါရစေ . . .
ငါ့ ကိုအပြစ်မတင်ကြပါနဲ့ . . .
မင်းကျောပေးထား တာကို မခံစားနိုင်လို့ပါ . . . ။

ငါ့နဲ့ မင်းရဲ့ ပက်သက်မှုတွေ ကို ရှိတ်စပီးယားရဲ့ ပြဇာတ်တွေထဲအပါ မခံနိုင်ပါဘူး . . .။
ငါ နံမည်ကြီးတာ ကို မလိုလားဘူး . . .
အထူးသဖြင့် ငါ မင်းနဲ့ ပုံပြင်ထဲမပြောနဲ့ စိတ်ကူးထဲတောင်မခွဲနိုင်ဘူး . . . ။

အိပ်မက်တွေကို ပြောင်းပြန်လှန် မက်လို့ရ ရင် သိပ်ကောင်းမှာပဲ . . .
မလှန်နိုင်တဲ့ နောက်ဆုံး ငါမအိပ်ပဲနေကြည့်တယ် . . .
စက္ကန့်၊မိနစ်နဲ့ နာရီတွေ . . . နေ့ရက် အဖြစ်ကိုကူးပြောင်းလာတော့ . . .
ငါဟာ . . . ရူးနေပြီ. . .။

ကမ္ဘာမြေကြီးနဲ့ လမင်း ကြား မိုင်ပေါင်းများစွာကွာဝေးတယ် . . .
ငါ ခံစားချက်တွေပြည့်နှက်လို့ စို့နင့် ပြီး ကောင်းကင်ပေါ် မော့ကြည့်လိုက်တိုင်း လမင်းကြီးကို တွေ့ရတယ် . . . ။
ဒါပေမယ့် ငါဘယ်နေရာကို ကြည့်ကြည့် မင်းကို မတွေ့ဘူး . . . ။
မင်းနဲ့ ငါ ကြားဘယ်လောက်တောင် ဝေးနေလို့လဲကွာ . . . ။
နောက်ဆုံးတော့ ဟာ. . . ငါကြေကွဲ နေတာတွေကို မင်းမသိတော့ . . . မင်းရဲ့ ပျော်ရွှင်စွာကုန်လွန်မြန်နေတဲ့ စက္ကန့်တိုင်းဟာ ငါ့ကို မုန်းတီးစွာ နဲ့အနှေးဆုံး နှိပ်စက်နေတယ် . . .
မှန်လုံ အခန်းကျဉ်းထဲကငါ . . . သေလုအောင် ငိုကြွေးနေလည်း . . . အပြင်က မင်း, ငါ့ကို ဂရုမစိုက်တဲ့ မင်း , ဘယ်သိနိုင်မလဲ . . . . .

အခုငါ ကောင်းကင်ကို မော့ကြည့်တယ် . . . လမင်းလည်းမရှိဘူး . . .
ငါ ရင်ထဲမှာတစ်မျိုးကြီးပဲ . . .
မင်းကော . . . မင်းလည်းမင်းလည်းမရှိဘူး . . . ။
လမင်း အချိန်မှန်ကြ ရင် ပြန်ပေါ်လာလိမ့် မယ် . . . ငါ သိတယ် . . .။
မင်းကော . . . မင်း ဘယ်တော့ မှ ငါ့အနားရှိမှာလည်း . . . ငါ မသိဘူး . . . ။

ငါ့ကို အရှုပ်ထုပ်လို့ ထင်နေလား . . . ။
ငါသိပါတယ် . . . ငါမင်း ကိုလိုအပ်နေတာ နဲ့. . . ချစ်နေတာ ဟာ မင်းအပေါ်ကျူးလွန်နေတဲ့ ငါ့ရဲ့ အပြစ်ပါ . . . ။
ငါမှားပါတယ် . . . ။
ဒါပေမယ့် . . . ငါ မင်းကို ချစ်တယ် . . . ။
posted by အလင်္ကာ at 9:06 AM 0 comments