မင်းနဲ့ပက်သက်လာရင်နေ့ရက်တွေဟာ အက္ခရာတွေမဟုတ်တော့ဘူး.... Memory တွေအဖြစ်ပြောင်းလဲသွားတယ်....!!!

Monday, March 9, 2009

ချစ်သူမဖတ်လိုက်ရသော စာမျက်နှာများ ( သူမ ..မသိသော ကျွန်တော်၏ တစ်ခြမ်းပဲ့ ချစ်ခြင်း....)

မင်းလေးမသိခဲ့ဘူး

မင်းမသိဘူး … ကိုဘယ်လောက်မင်းအတွက် ကြိုးစားခဲ့တယ်ဆိုတာတွေ ….
မင်းမသိဘူး … ကိုညဘက်အိပ်လို့မပျော်ဘူး ဆိုတာတွေ ….
မင်းမသိဘူး … ကို့အိပ်မက်ထဲ မင်းအမြဲ ရှိနေခဲ့တယ်ဆိုတာတွေ …
မင်းမသိဘူး … ကို့ရဲ့ညတိုင်းဟာ မင်းနာမည်တွေနဲ့ ပဲ့တင်ထပ်နေတယ်ဆိုတာတွေ …
မင်းမသိဘူး … မင်းရဲ့အနား ကိုအမြဲရှိနေချင်ခဲ့တာတွေ …
မင်းမသိဘူး … မင်းရဲ့စကားသံကို အမြဲကြားချင် ခဲ့တယ်ဆိုတာတွေ …
မင်းမသိဘူး … မင်းကို ကိုအမြဲ သတိရနေတယ်ဆိုတာတွေ …
မင်းမသိဘူး … မင်းရဲ့messages လေးတွေကို အမြဲစောင့်စားနေတယ်ဆိုတာတွေ …
မင်းမသိဘူး … online ရောက်တိုင်းမင်းကို ရှာကြည့်မိ တယ်ဆိုတာတွေ …
မင်းမသိဘူး … မင်းကို ကိုလွမ်းနေမယ်ဆိုတာတွေ …
မင်းမသိဘူး … မင်းကြောင့်ကို့ နှလုံးသားလေးတဆတ်ဆတ်တုန်နေတာတွေ …

တကယ်ပါ ….. ကိုမင်းကိုဘယ်လောက်ချစ်ခဲ့ … ရူးသွပ်ခဲ့တယ်ဆိုတာတွေ မင်းလေး လုံးဝ လုံးဝ … မသိခဲ့ပါဘူး …
posted by အလင်္ကာ at 10:09 AM

0 Comments:

Post a Comment

<< Home