မင်းနဲ့ပက်သက်လာရင်နေ့ရက်တွေဟာ အက္ခရာတွေမဟုတ်တော့ဘူး.... Memory တွေအဖြစ်ပြောင်းလဲသွားတယ်....!!!

Friday, October 9, 2009

တစ်ကယ် စစ်မှန်ခဲ့မယ် ဆိုရင်ပေါ့ . . . ကိုမင်းလေးကို ချစ်နေတာကြာပါပြီ . . . ။

ကောင်မလေး ရယ် နင်ဘယ်တော့များ ကို့ကိုပြန်ချစ်မလဲ . . . ။ ကို့ကို ကောမင်းလေးထည့်ပြီး စဉ်းစားမိရဲ့လားကွယ် . . . ။ မိနစ်တိုင်းမှာကိုမင်းလေး ကိုပဲတွေးနေတယ်ဆိုတာ ကို မင်းလေး ယုံအောင် ကိုဘယ်လိုပြောပြရမလဲ ကောင်မလေးရယ် . . . ။ အဲလို အချိန်တိုင်း အတွေးတိုင်းကို စိုးမိုးနေလို့ . . . မင်းလေးကို မတွေ့ရတဲ့အချိန်တိုင်း ကိုမင်းလေးကို လွမ်းနေတယ် ၊ မင်းလေးကိုတွေ့ချင်နေတယ်ဆိုရင် မင်းလေးက အပိုတွေလို့ ပြောမလား . . . ???။ မယုံကြည်မှုတွေ ကြီးစိုးနေတဲ့ မင်းလေး. . . ကို့ကိုယုံကြည်အောင် ကြိုးစားနေပါတယ် . . . ။ ကိုတကယ်ကိုပဲ ကြိုးစားနေပါတယ် . . . ။ အချိန်တွေက သက်သေပြပါလိမ့်မယ် . . .တစ်ခုတည်းသော အသေချာဆုံးသော သက်သေပြမှုပါပဲ. . . ။ အဲဒါဆိုရင်ကော မင်းလေးယုံမလား . . . ??? ။ မင်းလေးကို ချစ်တဲ့ ကိုယ်စောင့်နိုင်ပါတယ် . . . အချိန်တွေအများကြီး အများကြီးပေါ့ . . .။ ဒါပေမယ့် အဲဒီ အချိန်တွေက မင်းလေးကို့ အပေါ်ကို ယုံကြည်လာအောင် လုပ်နိုင်ပါ့မလား . . .??? ။ ဒါမှမဟုတ် ကို အရမ်းပဲနောက်ကျသွားမလား . . . ???။ အဲဒါကို အကြောက်ဆုံးပါပဲ . . . ။ ကိုမင်းကို တကယ်ချစ်တာမှန်ရင် မင်းလေးပြန်ချစ်လာမယ် ဆိုတာကိုယုံကြည်ပါတယ် . . . ။ မင်းလေးကို့ကို ပြန်မချစ်ခဲ့ဘူး ဆိုရင်တော့ . . . ကိုမင်းကို တစ်ကယ်မချစ် ခဲ့လို့ပဲလို့ ဖြေသိမ့်ရမယ်ပေါ့ . . .။ဘာလို့လဲ ဆိုတော့ အချစ်ယောင်ပြန်ဆိုတာကို ကိုယုံကြည်တယ် . . . . . . . . .
. . . တကယ်စစ်မှန်ခဲ့မယ်ဆိုရင်ပေါ့ . . . ။

ကောင်မလေးရယ် . . . မင်းလေးကို စတွေ့တွေ့ချင်း မချစ်မိတာကို ကိုတကယ် အပြစ်တင်မိတယ် . . . ။ အဲလိုမချစ်ခဲ့ မိလို့ ကိုအချိန်တွေ အများကြီးနောက်ကျခဲ့တယ် . . . ။ အဲလိုမချစ်ခဲ့မိလို့ . . . မင်းလေးကို ဘာလို့ချစ်တာလဲလို့ မေးလာတိုင်း . . . .မြင်မြင်ချင်းချစ်မိတယ်တို့ . . . စတွေ့တဲ့နေ့က စပြီး အခုအထိ ချစ်နေတယ်တို့ . . . မင်းလေးနဲ့ စတွေ့မှ အချစ်ကို စသိတာပါ လို့ ဆိုတဲ့ ကဗျာဆန်တဲ့ အဖြေတွေကို မဖြေနိုင်ဘူး . . . ။ နေရင်ထိုင်းရင်းက သူ့အလိုလို ထွက်ပေါ်လာတဲ့ ချစ်ခြင်းသံစဉ်တစ်ခုကို ကိုဘယ်လို ဖော်ပြရမလဲ . . . ။ မပြောပြတတ်လို့လည်း ဒီရင်ထဲမှာမွန်းကြပ်နေတာ ကြာပါပြီ . . . ။ ဖြစ်တည်နေတဲ့ သံယောဉ်တစ်ခု အချိန်တွေတော့ကြာပါပြီ . . . ။ ကိုတစ်ခါတစ်ခါ ဒီလိုအဖြစ်မရှိတာတွေ ရေးနေမဲ့အစား မင်းလေးဘေးနား မှာရှိနေသင့်တယ်လို့ထင်ပါတယ် . . . ။ မင်းလေးဘေးမှာ ထိုင်နေယုံလေးပဲဖြစ်ဖြစ်ပေါ့ . . . . ကိုအနေချင်ဆုံးကမင်းလေးအနားမှာပါပဲ . . . ။ဒါပေမယ့်် ကို ကိုယ်တိုင်ကို က အဖြစ်မရှိပါဘူး . . .။အသုံးမကျလို့ မင်းလေးကို မပြောဖြစ်ပဲ ကျန်ခဲ့တဲ့ ကိုယ့်ရဲ့ ခံစားချက်ရုပ်ကြွင်းတွေ ကို လူမသိသူမသိ ဒီလို ထိုင်ရေးနေရတာ အရမ်းကို ပဲမုန်းပါတယ် . . . ဒီအချိန်မှာ ကို မင်းလေးကို အလွမ်းဆုံးပါ . . . . ဒီအချိန်မှာ ကို အခံစားရဆုံးပါ . . . ဒီအချိန်မှာ မင်းလေး ကို ကိုယ် အတွေ့ချင်ဆုံးပါ . . . . ။ အင်း . . . ဘာလိုလို နဲ့ ဒီအချိန်တွေ အများကြီးတောင် ကျော်လွန်ခဲ့ပြီပဲ . . . . ။
. . .ကိုယ်မင်းလေး ကို ချစ်နေတာ ကြာပြီပဲ . . . .။
posted by အလင်္ကာ at 1:03 AM 1 comments