မင်းနဲ့ပက်သက်လာရင်နေ့ရက်တွေဟာ အက္ခရာတွေမဟုတ်တော့ဘူး.... Memory တွေအဖြစ်ပြောင်းလဲသွားတယ်....!!!

Wednesday, May 27, 2009

ပျော်ရွှင်စရာကောင်းသောဘ၀ တွင်ပျော်ရွှင်ခြင်း .....

ငါအခုအရမ်းကို ပျော်နေတယ် … လွှတ်လွှတ်ပြီးတော့ကိုပျော်နေတယ် … လွန်လွန်ကြူးကြူးကို ပျော်နေတယ် …အများသူငါမျက်မုန်းကျိုးလောက်အောင်ကို ပျော်နေတယ်။

ပျော်မှာပေါ့ ငါဟာမွေးကတည်းက ကံအရမ်းကောင်းတဲ့ အကောင် ပြောရင်ရုံမှာတောင် မဟုတ်ဘူး… ။
ငါဟာမမွေးခင်ကတည်းကကို ကားစီးခဲ့ရတယ် …ဆေးရုံတင်ကားလေ….(ကြုံတုန်းကြွားတာ … ) …
အဖေနဲ့ အမေကဆို ငါ့ကို အရမ်းချစ်ခဲ့တယ် “သားလေး… သားလေး” ပါးစပ်ကမချဘူး … ငါကပါးစပ်မှာချည်းပဲ …. ငါ့ဘ၀ကလိုတရပဲ ..။ ဘာပဲလိုအပ်လိုအပ် ….. လိုတိုင်းတတိုင်း “အကုန်” ဖြစ်ခဲ့တယ် ။ လက်ညှိးညွှန်တယ် ဆိုရင်ကိုပဲ “အကုန်” ပဲဖြစ်ခဲ့တာ … (အလောင်းစည်သူ ကို တောင်သနားတယ် … သူကလက်ညှိုးညွှန်တိုင်း “ရေ” ပဲဖြစ်ခဲ့ တာ … ငါကတော့ “အကုန်”ပဲ ) ။

ပိုက်ဆံဆိုတာ ဘဏ်ထဲမှာအပြည့်ပဲ ….မရုံရင်သွားကြည့် ….။ကားဆိုလည်းမမြင်ချင်မှအဆုံးပဲ …နေ့တိုင်းကိုတွေ့နေတာ … ။ သြဇာဆိုလည်းကြီးမှကြီး …. ဒီဟာလုပ်ဆို ဘယ်သူမှဘာမှ ပြန်မပြောရဲကြဘူး …. (နားမှထောင်မနေကြတာ ….)။ ကျောင်းဆိုလည်း RP တဲ့ တခြား Poly ကကောင်တွေဆို လာတောင်မလာနိုင်ဘူး … ။ Daily Grade ဆိုလည်း နေ့တိုင်း A ပဲ ….UT ဆိုလည်း အမြဲတမ်း A ပဲ …. ။ စာဆိုလည်းကျက်စရာမလိုဘူး …ကုသိုလ်ကံများကောင်းပါ့ …. ကျောင်းပြီးရင် ရန်ကုန် တန်းပြန်ရုံပဲ … ။

သူငယ်ချင်းဆိုမှ အများကြီးပဲ … ။ အကုန်လုံးကလည်း အပျော်သမားကြီးပဲ …. ။ ၀မ်းနည်းနေရင် သူတို့ဆီသွား ၀မ်းသာသွားအောင် ၀ိုင်းရယ်ပေးကြလိမ့်မယ်…. ။ ကို့ပြဿနာကို အရမ်းကြီးမားနေပြီလို့ထင်ရင် သူတို့ဆီသွား …. ကို့ထက်ကြီးမားတဲ့ပြဿနာတွေကို သံဝေဂရလောက်အောင်ကို မြင်သွားကြရမယ်…. ကို့ပြဿနာကိုတောင် ဘာမှမဟုတ်ပါဘူးလို့မြင်ပြီးတော့ကို ပျော်ရွှင်သွားစေရမယ် … ။ ကံဆိုတာကလည်း ပြဿနာ နေ့တိုင်းတွေ့နေရလောက်အောင်ကို ကောင်းတာ…. အနည်းဆုံး Problem တစ်ခုလောက် ကတော့ကျောင်းမှာစောင့်နေတယ်..( Problem ဆိုတာ လူသားတွေကို စွမ်းရည်တွေတိုးတက်လာစေတဲ့ အားဆေးတွေပဲ …တစ်နေ့အနည်းဆုံးတစ်ခုတောင်တွေ့ရတယ်ဆိုတော့ တော်တော့် ကိုကံက ကောင်းနေတာ… ) ။

အဲလိုအကောင်းတွေကြီးပဲစုနေလို့ တစ်ချို့တွေက ဘ၀ကို ခါးတယ် လို့ပြောကြရင် ကို့နားကိုတောင်မရုံနိုင်အောင်ကို ဖြစ်မိတယ် …. ။ ငါ့ဘ၀သာ သူတို့ခါးတယ် ပြောသလောက်သာ ချိုခဲ့လို့ရှိရင် ငါဟာ အပျော်လွန်ပြီး သေနေလောက်ပြီ …. ။ အခုတော့ငါဟာ အပျော်လွန်ပြီးမသေသေးလို့ လောကကြီးကိုကျေးဇူးတင်ပါတယ် …. သူများတွေအမြဲတမ်းအပြစ်တင်နေတဲ့ လောကကြီးကို ငါအရမ်းကျေးဇူးတင်ပါတယ် …. ။ အဲဒီတော့လောကကြီးရေ မင်းနဲ့ ငါ ဘော်ဘော် ဖွဲ့ကြရအောင် … ငါလည်း မင်းလို အပြစ်တင်ခံရခြင်းတွေကို ဥပက္ခာပြုမလို့လေ ……(ဒီတစ်ခါတော့ ငါ့ကိုကျေးဇူးပြန်တင်ကွာ မင်း ကို ငါ ဘော်ဘော်လာဖွဲ့လို့………… ) ။
ငါပိုပျော်လာတယ်လို့ခံစားရတယ် …ဘော်ဒါတစ်ယောက်တိုးလာလို့လားမသိဘူး ….. ။
……………….။………………။………………..။…………………..။……………။……………..။………………။………။
posted by အလင်္ကာ at 9:27 AM 3 comments