မင်းနဲ့ပက်သက်လာရင်နေ့ရက်တွေဟာ အက္ခရာတွေမဟုတ်တော့ဘူး.... Memory တွေအဖြစ်ပြောင်းလဲသွားတယ်....!!!

Wednesday, March 24, 2010

ကြယ်တွေကို ရေတွက်နေသူ

ငါ ခေါင်းကို မော့မော့ထားပြီး လေတွေရှူသွင်း နေလိုက်ရုံနဲ့ မင်းကို မလွမ်းတော့ဘူးလား . . . ငါပင်လယ်ကြီး ကို ငေးကြည့်ပြီး မင်း နာမည်ကို ရေရွတ်နေလိုက်ရုံနဲ့ မင်းကို လွမ်းတာတွေပြေရောလား . . .


လွမ်းတယ်ဆိုတာကရော သီချင်းထဲက လို ခံစားလို့ကောင်းလား . . . ၀တ္ထုတစ်ခုကို ခါးလည်က ဖြတ်ဖတ်နေရသလိုပဲ ဟာ . . . ငါဘာကို ခံစားနေလို့ခံစားနေရမှန်းကို မသိတော့ဘူးကွာ . . . ငါ မင်းကိုတွေ့ချင်တယ် . . . ။



လူသားတစ်ယောက်ရဲ့ တောင့်တခြင်းမှာ ဆင်ခြင်တုံတရား နဲ့ ချင့်ချိန်အားနည်းတယ် ဆိုတာ ကို ငါထောက်ပြချင်တယ် . . . ငါ မင်းကိုတွေ့ချင်တယ် . . . ။ မင်းကိုတွေ့ ရမယ့် အချိန်တွေ နီးလာပြီလို့ ငါ့ကို ပြက္ခဒိန် ပေါ်ကနေ့ရက်တွေက မြှူဆွယ် နေပေမယ့် နောက်တစ်နေ့ မှာလမ်းလျှောက်နေတဲ့ ငါဟာ ဘာလို့ သေဆုံး နေရတာလည်း . . . ။ ငါ့ဆံပင်တွေ ဂုတ်ထောက်လာပြီ . . . မင်းကော ဆံပင်တွေရှည်နေပြီလား . . . ။ . . .



ဘာမှ မဆိုင်တဲ့ ညတစ် ညမှာ ငါမင်းအကြောင်းတွေးရင်း မအိပ်ပဲနေမယ် . . . သူ များတွေ ပုန်လျှိုးကွယ်လျှိုးနဲ့ ကျိုးနေတဲ့ အချိန် ငါ မင်း ကို အချိန် ယူပြီး သတိရမယ် နေ့တစ်နေ့ က မင်းရယ်နေတဲ့ ပုံရိပ်တွေကို ပြန့်ကားနေတဲ့ ဟောဒီက ကောင်းကင်ကြီးထဲ ငါဖြန့်ကြည့်မယ် . . . အတူတူရှိခဲ့တဲ့ ညနေခင်းတွေကို ငါ ပြန်ထုတ်ကြည့် မယ် . . . ဆေးရောင်တွေပြယ်နေလောက်ပါပြီ . . . ငါ့ နံဘေး အိတ်ထဲ က မင်းဓာတ်ပုံ သေးသေးလေး ငါထုတ်ပြီး ကြည့်မယ် . . . ငြိမ်သက်နေတဲ့ မင်းနှုတ်ခမ်းတွေကြားက တတ်ဆိတ်နေတဲ့ အသံတွေ ကို ငါဘာသာပြန်ကြည့် နေမယ် ငါကြားရမှာ ပါ . . . မင်းငါ့ ကို ဘယ်လောက်လွမ်းနေမယ်ဆိုတာ . . . ငါမင်းကို နှစ်သိမ့်ပြီး တော့ပြော မယ် . . . ငါတို့ ပြန်တွေ့ ဖို့နေ့ရက်တွေ နီးလာပါပြီ . . . မျှော်လင့်ထား မိတဲ့ နေ့တစ်နေ့ရဲ့ ညနေခင်း မှာ ငါ ဟာ မင်းအတွက် အမြဲရှိနေ ပါ မယ် . . . မင်းရဲ့ လက်တွေကို ဆုပ်ကိုင်ထား လို့ မင်းအတွက် ပြင်ဆင်ထား တဲ့ ငါ့ရဲ့ လက်ဆောင် တွေတစ်ခုပြီး တစ် ခု ငါပေးမယ် . . . အဲဒီ တော့ မင်း မပူပါနဲ့ . . . ငါ့ စိတ်ထဲ မှာ မင်းအမြဲ ပဲ ရှိနေပါတယ် . . . ငါတို့ တွေတွေ့ဖို့ နေ့တွေနီး လာပါပြီ . . . ငါစိတ်ထဲ ရှိတာတွေပြောချလိုက်တယ် . . ဓာတ်ပုံထဲ ကမင်းလေးကတော့ ငါ့ ကို ပြုံးပြုံးလေး ကြည့်လို့ . . . ငါ့ပြောတာတွေ မင်းကြားလိုက်လား . . . မင်း မကြားလိုက် မှာ ငါစိုးရိမ်တယ် . . . ငါပြန်ပြောမယ် . . .



ငါတို့ပြန်တွေ့ ဖို့နေ့ရက်တွေနီးလာပါပြီ . . . မျှော်လင့်ထား မိတဲ့ နေ့တစ်နေ့ရဲ့ ညနေခင်းတိုင်းမှာ ငါဟာမင်း အတွက် အမြဲရှိနေပါ့မယ် . . . မင်းရဲ့ လက်တွေက် ဆုပ်ကိုင် ထားလို့ မင်းအတွက် ပြင်ဆင်ထားတဲ့ ငါ့ရဲ့ . . . တော်ပြီ ကွာ ငါမပြောချင်တော့ ဘူး . . . ငါ မင်းကို တွေ့ ရ တော့ မှာ နေ့တွေနီးလာပြီ . . .အဲဒါပဲမှတ်ထား . . . ကြားလား . . .???? အင်း ငါလည်း အဲဒါပဲမှတ် ထားတယ် . . . ငါတို့ တွေ့ဖို့ နေ့တွေနီး လာပြီ . . . ငါမင်းကို တွေ့တော့ မယ် . . . ငါ မင်းအနားရှိ . . .
posted by အလင်္ကာ at 8:59 AM

0 Comments:

Post a Comment

<< Home